ပဲခူး-ကျိုက်ထို အဝေးပြေးလမ်းမသစ်

တပ်နှင့် ကြံ့ခိုင်ရေးအမတ်များကန့်ကွက်တဲ့ ပဲခူး-ကျိုက်ထို အမြန်လမ်းစီမံကိန်း လွှတ်တော်အတည်ပြု

Posted on
Sponsored

ရန်ကုန်ကနေ ထိုင်းနိုင်ငံ ဘန်ကောက်ကို နေ့ချင်းပြန်သွားရောက်နိုင်ရေး လုပ်ဆောင်နေတဲ့ ပဲခူး-ကျိုက်ထို အမြန်လမ်းစီမံကိန်းနဲ့ စစ်တောင်တံတားသစ် စီမံကိန်းအတွက် အာရှဖွံ့ဖြိုးရေးဘဏ်နဲ့ ဂျိုက်ကာ ချေးငွေရယူရေးကို တပ်မတော်သားကိုယ်စားလှယ်တွေနဲ့ ကြံ့ခိုင်ရေးပါတီအမတ်တွေက ကန့်ကွက်ခဲ့ကြပါတယ်။

လမ်းအရှည် ၁ မိုင်လျှင် မြန်မာကျပ်ငွေ ၂၂ ဘီလီယံခန့်ထိ ကုန်ကျမည့် ပဲခူး-ကျိုက်ထို အမြန် လမ်းမကြီး ဖောက်ရန် အာရှဖွံ့ဖြိုးရေးဘဏ်မှ အမေရိကန်ဒေါ်လာ ၄၈၃.၈ သန်း ချေးငွေရယူမည့် အစီအစဉ် ယနေ့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်သည်။

ပဲခူး-ကျိုက်ထို အဝေးပြေးလမ်းမသစ်

ယနေ့တွင်လည်း လွှတ်တော်အတွင်း သဘောမတူသူများ ရှိသောကြောင့် ချေးငွေရယူရန် ထောက်ခံသူက မတ်တပ်ရပ်ရသည့် စနစ်ဖြင့် ဆုံးဖြတ်ရာတွင် ထောက်ခံသူများမှာ ယနေ့အစည်းအဝေးတက်ရောက်သူ၏ ထက်ဝက်ကျော် ရှိသောကြောင့် ယင်းချေးငွေရယူမှုမှာ အတည်ဖြစ်ခဲ့သည်။

Sponsored

အာဏာရပါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မှ ကိုယ်စားလှယ် အများစုက ချေးငွေ ချေးယူရန် မတ်တပ်ရပ် ထောက်ခံခဲ့ကြပြီး တပ်မတော်သားကိုယ်စားလှယ်များနှင့် အခြားလွှတ်တော် ကိုယ်စားလှယ် အချို့ကမူ ယင်းချေးယူမှုကို သဘောမတူသောကြောင့် မတ်တပ်မရပ်ဘဲ နေခဲ့ကြသည်။

၂၀၀၀ မီတာရှည်တဲ့ စစ်တောင်း မြစ်ကူးတံတား

ယင်းအမြန်လမ်းစီမံကိန်း ဈေးနှုန်းကြီးမြင့်ရခြင်းမှာ လမ်းပိုင်းတွင်ပါဝင်မည့် တံတားငယ်၊ မြောင်းကူး ရေပြွန် များ၊ Under Pass များ စသည့် တံတားငယ် ၃၅၁ စင်းပါဝင်ခြင်း၊ ကူးပြောင်းလမ်း ၄ခုပါဝင်ခြင်း၊ လမ်း၏ တာဘောင်အမြင့်မှာ ၄.၅ မီတာမှ ၁၁ မီတာထိမြင့်ခြင်း တို့ကြောင့်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီးက ဦးကျော်လင်းက ယနေ့ လွှတ်တော်အစည်းအဝေးတွင် ပြန်လည် ရှင်းလင်းသည်။

ပဲခူး-ကျိုက်ထို အဝေးပြေးလမ်းမသစ်

ထိုစီးပွားရေးစင်္ကြန်လမ်မကြီး၏ မြန်မာနိုင်ငံဖြတ်သန်းလမ်းပိုင်းများကို အဆင့်မြှင့်တင်လျက်ရှိပြီး ထိုလမ်းပိုင်းများအနက် ကော့ကရိတ်-မြဝတီလမ်း ကိုအဆင့်မြှင့်တင်ပြီးဖြစ်ကြောင်း၊ အိန္ဒု-ကော့ကရိတ်လမ်းလည်း မကြာခင်ပြီးစီးတော့မည် ဖြစ်သလို ပဲခူးတိုင်းမှ ရန်ကုန် သီလဝါဆိပ်ကမ်းကို ဝင်ရမည့် ပဲခူး-သန်လျင်လမ်း အဆင့်မြှင့်တင်ရေးကိုလည်း ADB အကူအညီဖြင့် တည်ဆောက်ရေးလုပ် ငန်းများ စတင်တော့မည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

Source: Hluttaw

Leave a Reply

Your email address will not be published. Required fields are marked *