Chinese President Xi Jinping, left, greets Iranian President Hassan Rouhani

အမေရိကန်တို့အထိနာသွားစေတဲ့ အီရန်နဲ့ တရုတ်တို့ရဲ့ လျှို့ဝှက်ပူးပေါင်းကြံစည်မှုကြီး

Posted on
Sponsored

တရုတ် နှင့် အီရန် နှစ်နိုင်ငံသည် စီးပွားရေး နှင့် လုံခြုံရေး ဆိုင်ရာများတွင် အကျိုးတူ ပူး ပေါင်း ဆောင်ရွက်ရန် သိုသိုသိပ်သိပ် နဲ့ သဘောတူညီချက်တရပ်ကို လက်မှတ်ရေးထိုး ခဲ့ကြောင်း နယူးယောက် တိုင်းမ် သတင်းစာ ကြီးက ဖွင့်ချလိုက်ပါတယ်။ တရုတ်၏ လုပ် ရပ်သည် အီရန် အား ဝိုင်းဝန်း ပိတ်ဆို့ထားရန် ဒေါ်နယ်ထရန့် ၏ ကြိုးပမ်းနေမှုများကို အရှိုက်ထိုးခံလိုက်ရသလိုပင် ဖြစ်သွားခဲ့ပါတယ်။

နယူးယောက် တိုင်းမ် မှ ရရှိခဲ့သော ၁၈ မျက် နှာပါ သဘောတူညီချက်အရ တရုတ်မှ ဘဏ် လုပ်ငန်း၊ ဆက်သွယ်ရေး၊ ဆိပ်ကမ်း၊ မီးရထား လမ်းများနှင့် အခြား စီမံကိန်း တဒါဇင်ကျော် ခန့် တွင် ကျယ်ကျယ်ပြန့်ပြန့် ပါဝင်မှာ ဖြစ် ပြီး အပြန်အလှန် အနေနဲ့ အီရန်မှ ရေနံကို အထူးလျော့ဈေးနဲ့ ၂၅ နှစ်ကြာ ရောင်းချပေးသွားမယ်လို့ သိရပါတယ်။

Chinese President Xi Jinping, left, greets Iranian President Hassan Rouhani

စစ်ရေးအရလည်း အမေရိကန်တို့၏ ရေအိုင် ကြီးအလား သတ်မှတ်ထားတဲ့ ပင်လယ်ကွေ့ ဒေသမှာ တရုတ်တို့ မဟာဗျုဟာမြောက် ခြေကုပ်ယူခွင့် ရရှိတော့မှာလည်း ဖြစ်ပါတယ်။ တရုတ်နှင့် ပူးတွဲ စစ်ရေးလေ့ကျင့်ခန်းများ ပြူ လုပ်ခြင်း၊ စစ်ဖက်ဆိုင်ရာ သုတေသန၊ လက် နက် ထုတ်လုပ်ရေးနှင့် ထောက်လှမ်းရေး သတင်းများ ဝေမျှခြင်း စသည့် နယ်ပယ်များ မှာ လှုပ်ရှားသွားဘို့ ရှိနေပါတယ်။ ထိုသို့ ပူးပေါင်းရေးအား ၂၀၁၆ အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ အီရန် ခရီးစဉ် အတွင်း အဆိုပြုခဲ့တာ ဖြစ်ပြီး အီရန် အစိုးရမှ ပြီးခဲ့တဲ့ လ အတွင်း အတည်ပြုခဲ့တာ ဖြစ်ပါ တယ်။

Sponsored

သို့သော်လည်း လွှတ်တော်မှာ အတည်မပြုနိုင် သေးပဲ ဖြစ်နေတဲ့ အတွက် အီရန် အနေနဲ့ တရုတ်ကို မည်မျှ အတိုင်းအတာ အထိ လိုက် လျောရမယ် ဆိုတာနဲ့ ပတ်သက်ပြီး အပြီး သတ် သဘောတူညီမှု မရသေးပဲ အမတ်များ က နိုင်ငံခြားရေး ဝန်ကြီး မိုဟာမက် ဂျာဗက် ဇာရစ်ဖ် အား အပြင်းအထန် မေးခွန်းထုတ် လာကြပြီး အခြေအ‌တင် ဆွေးနွေးနေကြတယ်လို့ သတင်းများက ဆိုပါတယ်။ မည်သို့ပင် ဖြစ်စေ လက်ရှိသဘောတူညီချက် သည် ထရန့် အစိုးရရဲ့ အီရန် ပေါ်လစီကို အပြင်းအထန် ထိုးနှက်လိုက်တာ ဖြစ်ပါတယ်။

အမေရိကန်သည် ယခုအခါ ကော်ရိုနာဗိုင်း ရပ်စ် ဒဏ် အလူးအလဲ ခံနေရတာကြောင့် စီးပွားရေးလည်း ကျဆင်းလာနေတာပြီး နိုင် ငံတကာမှာလည်း ထီးထီးကြီး ဖြစ်လာနေ တာကြောင့် တရုတ်က အာခံရဲလာတာလည်း ဖြစ်ပါတယ်။

တရုတ်သည် ပြည်တွင်းရေနံ လိုအပ်ချက်၏ ၇၅% ကို ပြည်ပမှ တင်သွင်းနေရပြီး ပြီးခဲ့သည့် နှစ်အတွင်း တနေ့ပျှမ်းမျှ ရေနံစည် ဆယ်သန်းခန့် တင်သွင်းခဲ့ရပါတယ်။ အခု အီရန် ရေနံတွေကို လျော့ဈေးနဲ့ ၂၅ နှစ်ကြာ ဝယ်နိုင်မယ့် အခွင့်အရေးသည် တရုတ်တို့ အတွက် မက်လောက်စရာ ဖြစ်နေပါတယ်။

အီရန်ဖက်ကလည်း အမေရိကန်တို့ ပိတ်ဆို့ ထားမှုကြောင့် ရေနံကို စိတ်ကြိုက် ရောင်းမရ ဖြစ်နေပြီး ကမ္ဘာရေနံ ဈေးကွက် အပြင်ကို ရောက်နေပါတယ်။ ယခု တရုတ်နဲ့ စာချုပ်ချုပ် နိုင်ပြီ ဆိုရင် ရေနံ ထုတ်လုပ်မှုကို တနေ့ စည် ၈.၅ သန်း အထိ တိုးမြှင့်ထုတ်လုပ်ဖို့ ရည် မှန်းလာပါတယ်။

သို့သော်လည်း အဆိုပါ ၂၅ နှစ်တာ အတွင်း အီရန်တွင် တရုတ်မှ ဒေါ်လာ ၄၀၀ ဘီလီယံ ခန့် မြုပ်နှံဖို့ ရှိနေတာကြောင့် တရုတ် ကုမ္ပဏီ အတော်များများ အမေရိကန်ရဲ့ ပြစ်ဒဏ်ခတ်ခံရဖို့ ရှိ လာနေပါတယ်။ ပါရှား ပင်လယ်ကွေ့အတွင်း လောလောဆယ် အမေရိကန် စစ်သင်္ဘောများ အဖို့ အီရန် ရေ တပ်နဲ့ အမြဲလို အခြေအတင် ဖြစ်နေတာ ကြောင့် တရုတ် နဲ့ အီရန်တို့ စစ်ရေးလေ့ကျင့် ခန်းများ လုပ်လာမယ့် အရေးနဲ့ ထောက်လှမ်း ရေး သတင်းတွေ ဝေမျှလာမယ့် အရေး တို့ ကြောင့် ဘာရိန်းတွင် အခြေစိုက်ထားသည့် အမေရိကန် အမှတ် ငါး ရေတပ်ဌာနချုပ်အဖို့ မျက်ခုံးလှုပ်စရာ ဖြစ်လာရတဲ့ အတွက် တရုတ်ကို အာရုံ ပြောင်းစေရန် တောင်တရုတ် ပင်လယ်အတွင်း အမေရိကန် ရေတပ်မှ ယခင်ကထက် ပိုမို လှုပ်ရှားလာနိုင်ပါတယ်။

အမေရိကန်တို့ အထူး စိုးရိမ်မကင်း ဖြစ်လာနေတာကတော့ ဟောမုဒ် ရေလက်ကြား ထိပ်ဝရှိ Jask ဆိပ်ကမ်းကို တရုတ်တို့ ခြေချလာနိုင်မယ့် အရေးပဲ ဖြစ်ပါတယ်၊ ဒီလို ဖြစ်လာရင် အမေရိကန် အမျိုးသား လုံခြုံရေး မဟာဗျုဟာ အဖြစ် တရုတ်ကို ရန်ဖက်နိုင်ငံ အဖြစ် ကြေငြာဖို့ ဖြစ်လာနိုင်ပါတယ်။

အီရန် ရေတပ် ဗိုလ်ချုပ် ဟိုစိန် ခန်ဇာဒီ က ဒေသတွင်း အမေရိကန်တို့ ထင်သလို ကျုး ကျော်လာနိုင်တဲ့ ခေတ် ကုန်သွားပြီလို့ ပြော ခဲ့တာကို တရုတ် ဆင်ဟွာ သတင်းဌာနက ကိုးကား ဖေါ်ပြလာပါတယ်။ ယခုလို တရုတ်-အီရန် ပေါင်းစည်းလာမှုသည် အရေးပါသော အလှည့်အပြောင်း ဖြစ်လာနိုင် တဲ့ အတွက် ဆက်လက်စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။

Source: Hla Soewai

Leave a Reply

Your email address will not be published. Required fields are marked *