တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း

တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ကြေညာမယ့်ရက် ထုတ်ပြန်

Posted on
Sponsored

ရန်ကုန် – တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို သြဂုတ် ၉ ရက် နံနက်တွင် ပညာရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်မှ ကြေညာမည်ဖြစ် သည်။

ပြီးခဲ့သည့် မတ်လက စစ် ဆေးခဲ့သည့် ၂၀၂၀ ပြည့်နှစ်တက္က သိုလ်ဝင်စာမေးပွဲအောင်စာရင်း ကို သြဂုတ် ၉ ရက် နံနက် ၀၀:၃၀ နာရီ၌ ပညာရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွင် ကြေညာမည် ဖြစ်ကြောင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များထံ ယ မန်နေ့(ဇူလိုင် ၂၈ရက်)က အ ကြောင်းကြားစာ ပေးပို့ထားသည် ဟု ရှမ်းပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ပြောကြားသည်။

တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း

‘‘သြဂုတ်လ ၉ ရက်နေ့ မနက်အစောကြီး ထွက်မယ်ဆိုတဲ့ အကြောင်းကြားစာ မနေ့ကရ ထားပါတယ်။ စာထဲမှာကတော့ ပညာရေးဝက်ဘ်ဆိုက်ကနေ ကြေညာပေးမယ်။ လူစုလူဝေး မဖြစ်ဖို့ဆိုပြီး ပြောထားတယ်’’ ဟု ဒေါက်တာမျိုးထွန်းက ပြောကြား သည်။

Sponsored

တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထွက်မည့်အစီအ စဉ်နှင့်ပတ်သက်၍ အခြေခံပညာ ဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ် ဒေါက်တာတင်မောင်ဝင်း က ‘‘အောင်စာရင်းကို သတ်မှတ် ထားတဲ့နေ့မှာ အွန်လိုင်းနဲ့ ကြေ ညာလိမ့်မယ်။ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတို့၊ Sky Net တို့၊ မြဝတီတို့ကနေလည်း ကြေညာ ပါမယ်။ အောင်စာရင်းထွက်ပြီး နောက်နေ့၊ ဒုတိယနေ့ကျမှစာဖြေ ဌာနတွေမှာ ခါတိုင်းလိုပဲ စာရွက် ကပ်တာမျိုး လုပ်ပါမယ်။ မသေချာတဲ့သူတွေ နောက်နေ့ သွား ကြည့်လို့ရအောင်ပါ’’ ဟု ပြော သည်။

Source: 7 Days

Leave a Reply

Your email address will not be published. Required fields are marked *