Getty Images

ဟောင်ကောင်တွင် Covid-19 တစ်ကျော့ပြန် ကူးစက် ဖြစ်ပွားမှု များပြားလာပြီး ဆေးရုံစနစ်များပြိုလဲဖွယ်ရှိ

Posted on
Sponsored

ဟောင်ကောင်တွင် ကိုရိုနာဗိုင်းရပ်စ် တစ်ကျော့ပြန် ကူးစက်ဖြစ်ပွားမှု များပြားလာခြင်းနှင့်အတူ ဆေးရုံစနစ်များ ပြိုလဲကျမှုနှင့်ရင်ဆိုင်ရနိုင်သည်ဟု ဟောင်ကောင်အုပ်ချုပ်ရေးမှူ း ကယ်ရီလန်မ်က ယနေ့ (အင်္ဂါ) သတိပေးပြောကြားလိုက်သည်။

ဟောင်ကောင်သည် Covid-19 ကိုတိုက်ဖျက်ရာတွင် အစောပိုင်းကာလများ၌ အောင်မြင်မှုရရှိခဲ့သလို ပြီးခဲ့သည့်ဇွန်လအတွင်းကအထိ ရောဂါပိုး ကူးစက်ခံရသည့် နေ့စဉ်လူနာအသစ်အရေအတွက်မှာ ဆယ်ဂဏာန်းအောက်တွင်သာ ရှိခဲ့သည်။

Getty Images

သို့သော်လက်ရှိအချိန်တွင် ဟောင်ကောင်တွင် လူနာ သစ်အရေအတွက်မှာ နေ့စဉ် ၁၀၀ ကျော်အထိ ရှိနေသည်။ ဟောင်ကောင်တွင် ယမန်နေ့(တနင်္လာနေ့)က Covid-19 လူနာသစ် ၁၄၅ ဦးရှိခဲ့ပြီး ယနေ့(အင်္ဂါ)တွင်လူနာသစ် ၁၀၆ဦးထပ်တိုးလာခဲ့သည်။ စုစုပေါင်းအတည်ပြုလူနာ ၃၀၀၃ ဦးရှိခဲ့ကာ သေဆုံးသူ ၂၃ ဦးရှိနေပြီဖြစ်သည်။

Sponsored

Covid-19 ကြောင့် နောက်ဆုံးသေဆုံးသွားခဲ့သူမှာရောဂါပိုးကူးစက်ခံထားရသူ အနည်းဆုံး ၄၅ ဦးရှိနေသည့် စောင့်ရှောက်မှုဌာနတွင် နေထိုင်သူဖြစ်သည်။ ယနေ့(အင်္ဂါနေ့)ထုတ်ပြန်ခဲ့သောကြေညာချက်တွင် ကယ်ရီလန်မ်က “မြို့တော်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုများ ကျယ်ပြန့်စွာဖြစ်ပွားလာခြင်းကြောင့် ဟောင်ကောင်၏ဆေးရုံစနစ်ပြိုကျခြင်း၊ အသက်သေဆုံးခြင်းများ ရှိလာနိုင်ပြီး အထူးသဖြင့် သက်ကြီးရွယ် အိုများတွင် ပိုမိုသက်ရောက်နိုင်ကြောင်း” ထည့်သွင်း ပြောကြား သတိပေးခဲ့သည်။

ဟောင်ကောင်တွင် Covid-19 အကြီးအကျယ်ဖြစ်ပွားလာနိုင်မှုနှင့် ရင်ဆိုင်နေရပြီဖြစ်၍ ပြည်သူများအနေဖြင့် လူချဲနေထိုင်ခြင်း (social distancing )၊မျက်နှာဖုံးများအသုံးပြုခြင်းအပါအဝင် စည်းမျဉ်းသစ်များကိုလိုက်နာရန် ကယ်ရီလန်မ်က တိုက်တွန်းခဲ့သည်။

Getty Images

လူချဲနေထိုင်ခြင်းကို တင်းတင်းကျပ်ကျပ်လိုက်နာကြရန်နှင့် တတ်နိုင်သမျှ နေအိမ်တွင်သာ နေထိုင်ကြရန် လည်း သူမက ထပ်မံ တိုက်တွန်းခဲ့သည်။ ဟောင်ကောင်တွင် ယနေ့(အင်္ဂါ) မှစ၍ Covid-19 ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းအသစ်များကို ထပ်မံထုတ်ပြန်ခဲ့ရာ Covid-19 ကူးစက်ရောဂါကာလအတွင်း ဟောင်ကောင်တွင်ချမှတ်လိုက်သည့် စည်းကမ်းချက်များအနက်မှ အပြင်းထန်ဆုံးစည်းမျဉ်းစည်းကမ်းချက်များလည်း ဖြစ်သည်။

စားသောက်ဆိုင်များပိတ်ခြင်း၊ အများပြည်သူနှင့်သက် ဆိုင်သည့်နေရာများတွင်မျက်နှာဖုံးများ(Mask) ကိုမဖြစ်မနေ တပ်ဆင်အသုံးပြုရမည့်ညွှန်ကြားချက်များ ပါဝင်သလို မတူညီသည့်အိမ်ထောင်စုများမှ လူနှစ်ဦး သာတွေ့ဆုံနိုင်ခွင့်ရှိသည်ကိုလည်း ထည့်သွင်းသတ် မှတ်ထားသည်။ ထို့အတူ ဘားများ၊ အားကစားရုံများ နှင့်အလှပြင်ဆိုင်များကိုလည်း ပိတ်ထားရန်ညွှန်ကြားထားသည်။

ယခု ၂၀၂၀ နှစ်အစောပိုင်းတွင် ရောဂါစတင်ဖြစ်ပွားခဲ့ချိန်တွင် ဟောင်ကောင်က တရုတ်နှင့်နယ်စပ်ဖြတ်ကျော်ခရီးသွားလာခြင်းကို သိသိသာသာလျှော့ချခြင်း၊ လမ်းကြောင်းနှင့်ခြေရာခံ “Track and Trace” စနစ် ကိုအသုံးပြုခြင်းဖြင့် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကို ဖြေရှင်းခဲ့သည်။

ဟောင်ကောင်၌ ပြည်တွင်းကူးစက်မှုမရှိခဲ့သည်မှာ သီတင်းပတ်အတန်ကြာခဲ့ခြင်းနှင့်အတူ အဆိုပါ အစောပိုင်းစည်းကမ်းချက်များက Covid-19 တိုက်ဖျက် ကာကွယ်ရေးတွင် အလုပ်ဖြစ်ခဲ့သည်။ သို့သော် သာမန်လူနေမှုအသိုင်းအဝန်းကို ပြန်လည်ရောက်ရှိစေရေးအတွက် မြို ့အနှံ့ ကန့်သတ်ချက်များကို ပြန်လည်ဖြေလျှော့ပေးလိုက်ချိန်နောက်ပိုင်းမှစ၍ ဟောင်ကောင်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများပြန်လည် စတင်တိုးပွားလာခြင်းဖြစ်သည်။

ဟောင်ကောင်ရှိ နယ်စပ်ဆိုင်ရာလုပ်ထုံးလုပ်နည်းများတွင် အားနည်းချက်များရှိခဲ့ခြင်းကြောင့် ယခုကဲ့သို့ကူးစက်ဖြစ်ပွားမှုများမြင့်တက်လာခြင်းဖြစ်နိုင်ကြောင်း ဟောင်ကောင်တက္ကသိုလ်မှပါမောက္ခ Jin Dongyan က Global Times သို့ မှတ်ချက်ချပြောကြားသည်။

Getty Images

“ ပြည်ပကနေဝင်လာတဲ့ ဗိုင်းရပ်စ်ပိုးရှိတဲ့ လူနာတွေဆီကနေ ဟောင်ကောင် လူမှုအသိုင်းအဝိုင်းကို ဗိုင်းရပ်စ်ပိုးကူးစက်ခဲ့ပြီး အခုလိုမျိုး ပြည်တွင်းကူးစက်မှုဖြစ်လာတာပဲ ဖြစ်နိုင်ပါတယ်” ဟု ပါမောက္ခ Jin Dongyan က ဆိုသည်။

ဟောင်ကောင်မှ သိပ္ပံပညာရှင်များကလည်း မြို့တော် အတွင်း၌ ပျံ့နှံ့နေသောဗိုင်းရပ်စ်ပိုးမှာ အနည်းဆုံး ၂၂ ရက်တာကာလအတွင်း အသွင်ပြောင်းခြင်း မရှိသော ကြောင့် ပိုမိုဆိုးရွားသည့် ကူးစက်မှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်နေကြသည်ဟု သိရသည်။

ယခုကဲ့သို့ဟောင်ကောင်တွင် Covid-19 ကူးစက်မှုအသစ်များတစ်ကျော့ပြန်ဖြစ်ပွားလာသည့်အတွက် လာမည့် စက်တင်ဘာ ၆ ရက်နေ့တွင်ကျင်းပမည့်ဟောင်ကောင်ပါလီမန် ရွေးကောက်တင်မြှောက်ပွဲကို လာမည့် ၂၀၂၁နှစ်အထိရွှေ့ဆိုင်းနိုင်ကြောင်းသတင်းများလည်း ထွက်ပေါ်လာသည်။

ဟောင်ကောင်အစိုးရကမူ ရွေးကောက်ပွဲရွေ့ဆိုင်းမည့်ဆုံးဖြတ်ချက်ကိုချမှတ်ရန် တရားဝင်ကြေညာခြင်းမရှိသေးဟု ဟောင်ကောင် Economic Times၊ HK01 နှင့် TVB သတင်းဌာနများမှ ဖော်ပြထားသည်။

Ref : Daily Mail

Leave a Reply

Your email address will not be published. Required fields are marked *