@Facebook

မလှမပတရုတ်မကိုရွေးချယ်ဖြစ်တဲ့အကြောင်းရင်းကို မက်ဇူကာဘတ် ပြော

Posted on
Sponsored

တော်တော်များများမေးကြတယ်ဗျ။ (သူတို့အပြောအရပေါ့လေ) ဒိတ်ဒိတ်ကြဲသူဋ္ဌေးကြီးက မလှမပတရုတ်မတစ်ယောက်ကို ဘာအတွက် ယူရတာလဲတဲ့။ ကျနော်ဟာ (သူတို့အမြင်အရပေါ့) ကျနော့်ရဲ့လက်ရှိမိန်းမ ပရက်စီလာချန်ထက် ပိုသာတဲ့အမျိုးသမီးတစ်ယောက် ရနိုင်သလို ရလည်းရသင့်တယ်ပေါ့။

ဒီမေးခွန်းကို ဖြေရမယ်ဆိုရင် ဦးဆုံးအနေနဲ့ လှတဲ့အမျိုးသမီးဆိုတာဘယ်လို မလှတဲ့အမျိုးသမီးဆိုတာဘယ်ပုံ ဆွေးနွေးချင်ပါတယ်။ ပြောရရင် ကျနော့်အနေနဲ့ လှပါတယ်ဆိုတဲ့အမျိုးသမီးတော်တော်များများနဲ့ ဆုံဖူးပါတယ်။ အတော်များများကလည်း ကျနော့်ဇနီးမယား ဖြစ်ချင်ကြတာပါပဲ။ ဒါပေမယ့် မိန်းမလှတွေလို့ ပြောလို့ရတဲ့သူတို့တွေရဲ့ စိတ်နှလုံးသားဟာ ဖန်သားပြင်လိုပဲ ကွဲကြေလွယ်တယ်။ မာနကြီးသလောက်ခေါင်းမရှိတဲ့ ဘုရင့်သမီးတော်တစ်ပါးလိုပေါ့ ရှင်ဒီလောက်ချမ်းသာတာ ကားလေးဘာလေးပြောင်းမစီးတော့ဘူးလား မေးနေတော့တာပဲ။ သူတို့ဟာ သူဋ္ဌေးတစ်ယောက်ရဲ့ကတော်ဆိုတာထက်ပိုတဲ့ တောင်းဆိုမှုတွေအဆက်မပြတ်လာမှာဖြစ်ပြီး အထက်တန်းလွှာလူ့မလိုင်ပတ်ဝန်းကျင်မှာ ဝင်ဆံ့ချင်ယုံရည်ရွယ်တယ်။ ဒီလိုအမျိုးသမီးတွေကို အလကားပေးလည်း ကျနော်မယူချင်ဘူး ရုပ်ဆိုးတယ်လို့ကျနော်ထင်လို့။

@Facebook

အသွင်အပြင်အလှက အသက်အပိုင်းအခြားခဏလေးဖြစ်ပြီး အတွင်းသားအလှကတော့ အသက်အရွယ်ရလာလေလေ တန်ဖိုးတက်လာလေလေ” ဆိုတဲ့ တရုတ်ဆိုရိုးတစ်ခုရှိတယ်။ ဒါကြောင့် ခဏလေးနဲ့တန်ဖိုးကျသွားမယ့်အရာတွေနဲ့ မနွယ်မိဖို့ရှောင်တာပါ။ ဒီနေရာမှာ မေးခွန်းတစ်ခုထွက်လာပါတယ်။ ကျနော့်မိန်းမ ပရက်စီလာချန်ကို ဘာလို့သဘောကျနှစ်ခြိုက်ရလဲ ဆိုတာပါ။

Sponsored

“အမျိုးသမီးတစ်ယောက်ရဲ့မျက်နှာအမူအရာမှာ စိတ်နှလုံးသားရဲ့ ရောင်ပြန်ဟပ်မှုရှိတယ်” သူ့အပြုံးက ကျနော့်ကို အမြဲမှင်သက်စေတယ်။ ကိုယ်ဝန်ရတော့ ပရက်စီလာဟာ မျက်နှာပေါ်မှာရှုတ်ရှုတ်ယှက်ယှက်တွေတောင် မခြယ်တော့ဘူး။ အဝတ်အစားနဲ့အလှအပဆိုတာ ပဓါနမဟုတ်တော့ဘူး။ ဒါပေမယ့် သူ့ရဲ့အေးချမ်းပျော်ရွှင်မှုကို ကျနော်အပါအဝင် မြင်ရသူတိုင်းရရှိခံစားရတယ်ဗျာ။

@Facebook

ကျနော် သူ့ရိုးရှင်းမှုနဲ့ အသွင်အပြင်ကို သဘောကျတယ်။ သူ့မှာ စိတ်အားထက်သန်မှု ဉာဏ်ပညာ ရဲရင့်မှု ချစ်ခြင်းမေတ္တာ ခေါင်းဆောင်နိုင်မှုတွေ ရှိတဲ့အပြင် တခြားသူတွေကိုလည်း မြှင့်တင်ပေးနိုင်စွမ်းရှိတယ်။ သူရှိနေရင် တခြားအရာတွေပါ ကျနော်တန်ဖိုးထားတတ်လာသလို ပေါ့ပါးလွတ်လပ်တဲ့ ခံစားမှုလည်းရစေတယ်လေ။

ပရက်စီလာဟာ ကျနော့်ကိုခုတုံးလုပ် ကြွားလုံးထုတ်မော်ကြွားမယ်လို့ တစ်ခါမှမခံစားမိဘူး။ ဉာဏ်ရည်ဉာဏ်သွေးမြင့်မားသလို စိတ်အရည်အသွေးလည်းမြင့်သူပါ။ သူက ဟားဗတ်တက္ကသိုလ်က ဆေးပညာနဲ့ဘွဲ့ရလာသူဆိုတာလည်း လူကြီးမင်းတို့မေ့မထားသင့်ပါဘူး။ လူအတော်အများများ အဓိကယူကြတဲ့ ဆေး ဥပဒေ စီးပွားရေးဘာသာရပ်တွေနဲ့ လူကြီးမင်းဟာ တက္ကသိုလ်ဝင်ခွင့် ရနိုင်ပါတယ်။ ဝင်ခွင့်အောင်တယ်ဆိုရင်တောင် ထူးထူးချွန်ချွန်ဘွဲ့ရဖို့တော့ မလွယ်ဘူးလေ။ အဲ့ဒီတော့ ကိုယ်ရည်သွေးပြပါဆိုရင် ကျနော့်ထက် ပရက်စီယာကပိုတောင်သာနေတယ်မလား။

@Facebook

အိမ်ထောင်ရေးဆိုတာ ဖိနပ်တစ်ရံလိုပါ။ စီးတဲ့သူကလွဲ ဘယ်သူကများ စီးလို့ကောင်းမကောင်း သိဦးမှာလဲ။ သူသာ ကျနော့်အတွက်အသင့်တော်ဆုံးဖြစ်ပြီး သူသာကမ္ဘာပေါ်မှာ ကျနော့်ရဲ့အကောင်းဆုံးစံထားရမယ့် ဘက်ညီတဲ့တစ်ခြမ်းပါ။ ပရက်စီလာနဲ့စသိတာ ရေအိမ်အသွား လူအုပ်ကြားမှာပေါ့။ သူ့မျက်လုံးထဲမှာ ကျနော်ဟာ ကိုယ့်အလုပ်ကိုပဲအာရုံစိုက်တဲ့ ကြောင်စီစီလူတစ်ယောက်ထက် မပိုဘူး။ အဲ့ဒီအခိုက်အတန့် ကျနော့်နှလုံးသားက ပြောလိုက်တယ် “ဒါ ငါ့ဘဝလက်တွဲဖေါ်” လို့ပေါ့။

လူကြီးမင်းရဲ့မျက်လုံးထဲမှာ ပရက်စီလာက မလှဘူးပေါ့။ ကျနော့်မျက်ဝန်းထဲတော့ ကျနော်နဲ့ရှေ့သွားနောက်လိုက်အညီဆုံး မိန်းမလှတစ်ယောက်ပါပဲ။ ကျနော်ကိုယ်တိုင် ပရက်စီလာနဲ့တွဲရိုက်ထားတဲ့ဓါတ်ပုံလေးတွေမှာ သဘာဝကျပြီးအေးချမ်းတဲ့ ပျော်ရွှင်မှုမျိူးပေါ်နေတာ ထိန်ချန်ထားလို့ကိုမရပါဘူး။

@Facebook

“ရိုးရှင်းမှုဟာ အလှတရားပါ”

မက်ဇူကာဘက် (“ဖေ့စ်ဘွက်”ထူထောင်သူ)

MY WIFE CHINA AND NOT PRETTY
So many ask me, why do I choose Chinese wife who is not beautiful while I (according to them) is the one who has excessive wealth?
I should (according to them) I can get a wife who is “more” than my current wife, priscilla chan.
First of all to answer that question, I want to discuss what a beautiful woman is?
and what is a woman not beautiful?
Honestly, I myself have many opportunities to meet beautiful women, many of them want to be my wife, but what is called “beautiful women” is mostly heart like glass, very fragile.
If you are sick as cranky like a king’s daughter, and arrogant, arrogant, and will always ask me why is it so rich but don’t want to change the car?
I know their goal of wanting to be my wife is to show off in the jet set environment, after which there will be more demands as a rich man’s wife.
A woman is as beautiful as however, if her heart can only demand, still looks ugly, her soul is also dirty.
Such a woman is just said to be an ugly woman, given free I don’t want to!
“Beauty outside will be reduced as age, but beauty from the inside will increase its value as age” that’s how Chinese proverb says, therefore I try to avoid to contact with things that quickly descends its value.
Then from them came another question, what do I like about priscilla chan, my wife?
“The expression of a woman’s face is a reflection of her heart” her smile always amazes me.
Since pregnant, Priscilla completely ignored the changes that happened to the expression of her face due to her pregnancy, kept dressed simple, without grooming, but precisely her happiness I felt fully and also seen to others.
I like the simplicity.
I like her look.
Priscilla is a passionate woman but wise, brave but loving, leader but can also support others.
I love everything while with her, I feel so comfortable & at ease.
I don’t feel like Priscilla is using me or boasting over me. In addition to having high intellectual intelligence, she also has high emotional intelligence, don’t forget that Priscilla is a graduate of Harvard University medicine.
You can try the university entrance test, majoring in law, medicine, economics is the majors that people grab, even though passing the entry test is not necessarily you can pass well.
So actually if you want to show off, it’s better for me to show off priscilla, not the other way around.
“Marriage is like a pair of shoes, only the wearer who knows the shoes are comfortable to wear or not” Priscilla is best suited for me, and I feel priscilla is the most ideal couple on the face of this earth.
I used to get acquainted with Priscilla in the queue in the toilet. In his eyes, I am just a nerd, nothing more. From that moment on I said in my heart “This is my soulmate”
In your eyes, Priscilla is a woman not beautiful, but in my eyes she is the beautiful woman and most compatible with me.
I couldn’t resist showing off my photos with Priscilla being so happy. In the photo looks like me and priscilla are so peaceful & natural.
“SIMPLE IS BEAUTIFUL”
Mark Zuckerberg (founder of FACEBOOK)

Leave a Reply

Your email address will not be published. Required fields are marked *