ဇူလိုင်လ ၂၇ ရက်က ပင်လယ်နက်အတွင်း နေတိုးအဖွဲ့၏ Sea Breeze 2020 စစ်ရေးလေ့ကျင့်မှု ပြီးဆုံးခဲ့ သည်။ အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် စစ်သင်္ဘော အစင်း ၂၀၊ လေယာဉ်များ၊ ရဟတ်ယာဉ်များနှင့် ယူကရိန်း၊ အ မေရိကန်၊ ဘူလ်ဂေးရီးယား၊ ဂျော်ဂျီယာ၊ နော်ဝေ၊ ရိုမေးနီးယား၊ စပိန်နှင့် တူရကီနိုင်ငံမှ တပ်ဖွဲ့ဝင် ၂၀၀၀ ခန့် ပါဝင် လေ့ကျင့်ခဲ့သည်။
ရုရှားရေတပ်၏ ပင်လယ်နက်ရေယာဉ်စုကလည်း စစ်သင်္ဘောအစင်း ၂၀ ကျော်ပါဝင်သော စစ်ရေးလေ့ ကျင့်မှုများ စတင်ကြောင်း ယနေ့ ကြေညာလိုက်သည်။

လေ့ကျင့်ရေးစီမံချက်နှင့်အညီ ပင်လယ်နက်ရေယာဉ်စုက ယနေ့ စစ်ရေးလေ့ကျင့်မှုများ စတင်လိုက် သည်ဟု ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောကြားသည်။
ဖရီးဂိတ်သင်္ဘော၊ ကင်းလှည့်ရေယာဉ်၊ အပေါ့စား ဒုံးတပ်သင်္ဘော၊ ကမ်းတက်သင်္ဘောများအပါအဝင် စစ် ရေယာဉ် အစင်း ၂၀ ကျော် စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်မည်ဟု ဆိုသည်။

စစ်ရေးလေ့ကျင့်မှုအတွင်း ကမ်းရိုးတန်းရှိပစ်မှတ်များ ဖျက်ဆီးမှုကို ပုံစံတူလေ့ကျင့်မည်ဖြစ်သည်။ တပ်ဖွဲ့ ဝင်များက မီးလောင်နေသော သင်္ဘောများကိုကာကွယ်မှုနှင့် မီးငြှိမ်းသတ်မှုတို့လည်း လေ့ကျင့်မည်ဖြစ်သည်။

ပင်လယ်နက်ရေယာဉ်စု၏ ကမ်းတက်တပ်ဖွဲ့မှ လေယာဉ်များ၊ ရဟတ်ယာဉ်များအပြင် လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့လည်း စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်မည်ဖြစ်သည်။