Getty Images

TikTok ကို အသုံးချ၍ လာမည့်ရွေးကောက်ပွဲ၌ တရုတ် ဝင်ရှုပ်မှာကို အမေရိကန် စိုးရိမ်နေ

Posted on
Sponsored

အင်္ဂါနေ့က ထိပ်တန်းရီပတ်ဘလီကန် အမေရိကန်လွှတ်တော်အမတ်တစ်စုက TikTok ကိုဖိအားပေးခဲ့ပြီး တရုတ်ပိုင် အဆိုပါဗီဒီယို sharing လုပ်သည့် အက်ပလီကေးရှင်းသည် အမေရိကန်၏ရွေးကောက်ပွဲ၌ ဝင်ရောက်စွက်ဖက်နိုင်သည့်အန္တရာယ်ကို စိစစ်အကဲဖြတ်ဖို့အတွက် Trump အစိုးရကိုတောင်းဆိုခဲ့ပါတယ်။

အင်္ဂါနေ့ရက်စွဲပါ စာစောင်၌ Marco Rubio၊ Tom Cotton နှင့် အခြားဥပဒေပြုအမတ်များသည် ဝီဂါ လူနည်းစုများအပေါ် တရုတ်၏ပြုမူဆက်ဆံမှုကို ဝေဖန်သည့်ဗီဒီယိုနှင့် ဆိုရှယ်မီဒီယာအက်ပလီကေးရှင်းများပေါ်တွင်နိုင်ငံရေးဆွေးနွေးမှုများကိုပြုလုပ်ရန် ဘေဂျင်း၏ ကြိုးပမ်းအားထုတ်မှုများ အပါအဝင်TikTok ၏ အကဲဆတ်စရာအကြောင်းအရာများကို စိစစ်ရန် အထောက်အထားများဖြင့်တင်ပြခဲ့ပါတယ်။

Getty Images

တရုတ်ကွန်မြူနစ်ပါတီ ဟာ အမေရိကန်များအကြားစိတ်ဝမ်းကွဲစေဖို့နဲ့ ၎င်းတို့ ရည်မှန်းထားတဲ့ နိုင်ငံရေးရလဒ်များရရှိရန် နိုင်ငံရေးစကားဝိုင်းများကိုဖျက်ဆီးဖို့ ဒါမှမဟုတ် စိုးမိုးခြယ်လှယ်ဖို့အတွက် TikTok ကို ၎င်းတို့ရဲ့ ထိန်းချုပ်ရေးလက်နက်အဖြစ် အသုံးချလာမှာကို ကျွန်တော်တို့ များစွာစိုးရိမ်နေပါတယ်” ဟု ဥပဒေပြုအမတ်များက အမျိုးသားထောက်လှမ်းရေးဒါရိုက်တာရုံး၊ ပြည်ထဲရေးလုံခြုံရေးဌာန (DHS) ၏ အတွင်းရေးမှူးနှင့် ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးဗျူရို (FBI) ၏ညွှန်ကြားရေးမှူးတို့ထံသို့ စာဖြင့်ရေးသားပေးပို့ခဲ့ကြောင်း သိရပါတယ်။

Sponsored

ကုမ္ပဏီ၏ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ TikTok သည်နိုင်ငံရေးသတင်းများအတွက် “သွားရန်” မဟုတ်သော်လည်း ” ကျွန်ုပ်တို့၏အက်ပလီကေးရှင်းကာကွယ်ရေးအတွက် ရင်းနှီးဖန်တီးရမှာဖြစ်ပြီး ပြီးခဲ့တဲ့ရွေးကောက်ပွဲကာလအတွင်းအလားတူအတွေ့အကြုံများကနေ သဲလွန်စများကိုလည်း ရယူနေပါတယ်”ဟု ပြောကြားခဲ့ပါတယ်။

TikTok ဟာ လုပ်ကြံသတင်းအချက်အလက်များကို တားဆီးဖို့အတွက် တင်းကြပ်တဲ့ မူဝါဒရှိပြီးဖြစ်ပါတယ်။ပြီးတော့ ကျွန်တော်တို့ဟာ နိုင်ငံရေးကြော်ငြာများကိုလက်မခံပါဘူး” ဟု၎င်းကပြောပါတယ်။ အကြောင်းအရာများနှင့်
အစွန်းမရောက်ရေးပေါ်လစီများကို ကယ်လီဖိုးနီးယားအခြေစိုက်အဖွဲ့မှ ဦးဆောင်ပြီး “မည်သည့်နိုင်ငံခြားအစိုးရ၏ သြဇာလွှမ်းမိုးမှုမျိုးကိုမဆို လက်မခံ“ကြောင်း ၎င်းကထပ်ဆင့်ပြောကြားခဲ့ပါတယ်။

Getty Images

စိစစ်သုံးသပ်ရန်တောင်းဆိုချက်များကို FBI နှင့် DHS တို့က တုန့်ပြန်ခဲ့ခြင်းမရှိသေးသော်လည်း ODNI မှတာဝန်ရှိသူတစ်ဦးက ထိုစာအားလက်ခံရရှိကြောင်းအတည်ပြုခဲ့ပြီး “ကျွန်တော်တို့အနေဖြင့်လိုအပ်သလို ပြန်လည်တုံ့ပြန်သွားပါမယ်“ဟုပြန်ကြားခဲ့ကြောင်း သိရပါတယ်။

ရီပတ်ဘလစ်ကန်များဖြစ်သည့် Ted Cruz၊ Joni Ernst Thom Tilis၊ Kevin Cramer နှင့် Rick Scott တို့ပါဝင်သော ဥပဒေပြုအမတ်များက ဘေဂျင်းအစိုးရသည် နိုင်ငံရေးအမြင်များကို ချဲ့ထွင်ခြင်းနှင့် Beijing ByteDance
နည်းပညာကုမ္ပဏီက ပိုင်ဆိုင်သည့် အဆိုပါအက်ပလီကေးရှင်းမှတစ်ဆင့် သြဇာလွှမ်းမိုးမှုလုပ်ငန်းများကို လုပ်ဆောင်နေခြင်း ရှိမရှိကို အကဲဖြတ်ပြောကြားရန် တာဝန်ရှိသူများအား တောင်းဆိုခဲ့ပါတယ်။

TikTok မှတစ်ဆင့် ရွေးကောက်ပွဲတွင် CCP ၏ဝင်ရောက်စွက်ဖက်မှုနှင့် ပတ်သက်၍ သက်သေအထောက်အထားများပေါ်ပေါက်လာပါက ByteDance သည်ပိတ်ဆို့ဒဏ်ခတ်မှုကိုခံယူနိုင်မည်လော? ” ဟုနိုင်ငံခြားရွေးကောက်ပွဲဆိုင်ရာသြဇာလွှမ်းမိုးမှုအပေါ် စီရင်ဆုံးဖြတ်သောအမိန့်ဥပဒေအရ ဥပဒေပြုအမတ်များက မေးမြန်းခဲ့ကြပါတယ်။

TikTok သည် ကူးစက်ရောဂါဖြစ်ပွားမှုများနှင့် ဟောင်ကောင်၏လွတ်လပ်ခွင့်ကို ထိန်းချုပ်ရန် ဘေဂျင်း၏ ကြိုးပမ်းမှုများကြောင့် အမေရိကန်- တရုတ်ဆက်ဆံရေး အချဉ်ပေါက်နေစဉ်ကာအတွင်း Trump အစိုးရရဲ့ တည်ချက်ဖြစ်လာခဲ့ပါတယ်။

ယခုလအတွင်း အိမ်ဖြူတော် ဝန်ကြီးချုပ် Mark Meadows က “TikTok ကဖန်တီးလာတဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာအန္တရာယ်များကို ရင်ဆိုင်ဖြေရှင်းဖို့အတွက် အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ရတော့မှာဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါတယ်။

လာမည့်နိုဝင်ဘာလရွေးကောက်ပွဲတွင် ဒီမိုကရက်ပါတီဝင် Joe Biden ကို ရင်ဆိုင်ဖို့အတွက် ပြင်ဆင်ရာ၌ Trump ၏ လူထုထောက်ခံချက်စစ်တမ်းများမှာ လျော့ကျလာပြီဖြစ်ပါတယ်။

2019 ခုနှစ်က အစိုးရအထူးရှေ့နေရောဘတ် Mueller ၏ အစီရင်ခံစာအရ 2016 ခုနှစ် ရွေးကောက်ပွဲအတွင်း Trump မဲဆွယ်စည်းရုံးရေးကို အကျိုးဖြစ်ထွန်းစေခဲ့သည့် ရုရှား၏ဝင်ရောက်စွက်ဖက်မှုများကို ကျယ်ကျယ်ပြန့်ပြန့်တွေ့ရှိခဲ့ရကြောင်း သိရပါတယ်။

Writer – Leo ( The Lifestyle Myanmar )
Source: Reuters

Leave a Reply

Your email address will not be published. Required fields are marked *